နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်ကောင်စီကိုယ်စားပြု ရိုးရာအစား အစာနှင့်ဒေသထွက်ကုန်များ ခင်းကျင်းရောင်းချပြသပေးခဲ့သော လုပ်ငန်းရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်  မတ်  ၁၆

နေပြည်တော်တွင် ကျင်းပခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲတော်တို့တွင် နေပြည်တော်ကောင်စီကိုယ်စားပြု ရိုးရာအစားအစာနှင့်ဒေသထွက်ကုန်များ ခင်းကျင်းရောင်းချပြသပေးခဲ့သော လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေပြည်တန်မိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌကိုယ်စား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိုင်ငံတော်အဆင့် အထိမ်းအမှတ် အခမ်းအနားများတွင် နေပြည်တော်ကောင်စီကိုယ်စားပြု  ရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်များ ခင်းကျင်းရောင်းချ ပြသရာတွင် အောင်မြင်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည့်အတွက် လုပ်ငန်းရှင်များအား ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ကြရာ လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။        

ထွန်းထွန်းဝင်း(ပြန်/ဆက်)