ပုဗ္ဗသီရိ မတ် ၁၆
ပုဗ္ဗသီရိမြို့နယ်အတွင်း ပန်းခင်းအဆင့်(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့ မွန်းလွဲပိုင်းက ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းက ကျည်တောင်ကန် အမှတ်(၁) ရပ်ကွက်မှ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ကျား ၁ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၈ ဦး၊ အသက် ၁၈ နှစ်အထက် ကျား (၈) ဦး၊ မ (၁၁) ဦး၊ စုစုပေါင်း (၁၉) ဦး၊ စုစုပေါင်း ကျား(၉) ဦးနှင့် မ(၁၈) ဦးအား မြို့နယ်ရုံးသို့ ဖိတ်ခေါ်၍ ကာယကံရှင် လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)