သီပေါ မတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိ သတ်မှတ် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း စာစစ်ဌာန (၂)ခုထားရှိပြီး အ.ထ.က(၁) သီပေါစာစစ်ဌာနတွင် စာရင်းရှိ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅)ဦးရှိရာ ယနေ့ပထဝီဝင်ဘာသာရပ်ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၅)ဦး ရာခိုင်နှုန်းအပြည့် ဖြေဆိုခဲ့ကြကြောင်း၊ အ.ထ.က နမ့်လန် စာစစ်ဌာန တွင်ပထဝီဝင်ဘာသာရပ်အား ဖြေဆိုသူမရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေးကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)