မိုင်းယောင်းမြို့၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မိုင်းယောင်း မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်မင်းဆွေနှင့် အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီတို့က “ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်”အကြောင်း၊ “လူကုန်ကူးမှုကို လက်တွဲညီညာတိုက်ဖျက်”အကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်သူများက မရှင်းလင်းသော အချက်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း