Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲများ ကျင်းပပြုလုပ်
Jul 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ရေနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်ကျင်းပ
Jul 07,2025
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကိုအထောက်အကူပြုစေရန်၊ အရိပ်ရရှိစေရန်၊ နိုင်ငံ့စီးပွားအားတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် လေပြင်းတိုက်ခတ်ခြင်းတို့မှ ကာကွယ်နိုင်ရန်တို့အားရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်၉နာရီအချိန်က ကိုကိုးကျွန်းမြို့နယ်၊ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်အရှေ့ရှိ မြေကွက် လပ်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်၊ စာစောင်များဖတ်ရှု လေ့လာခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမွေးမြူရေးဇုန်၊ သနပ်ချောင်းပိတ်တမံအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
Jul 07,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ သနပ်ချောင်းပိတ်တမံအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇူလိုင် ၅ ရက်နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် မိုးစပါး(seeder)ဖြင့် စိုက်ပျိုးပွဲကျင်းပပြုလုပ်
Jul 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မိုးစပါးရာသီတွင် မှော်ဘီ(၃)စပါး(seeder)စံပြ စိုက်ခင်း စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျောက်တန်းမြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ ကွင်းအမှတ် (၆၂၈-A)၊ ဦးပိုင်အမှတ် (၃၀)၊ ဧရိယာ ( ၁၀.၀၀ ) ဧကရှိ တောင်သူဦးဌေးလွင်၏လယ်မြေ၌ စံပြစိုက်ပျိုးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ ဆိတ်မွေးမြူရေးလုပ်ငန်း အောင်မြင်လျက်ရှိ
Jul 07,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း စီးပွားဖြစ်ဆိတ်မွေးမြူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့ဦးဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 07,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ မြို့ဦး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်အား ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဇူလိုင် ၅ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1153
Page
1154
Page
1155
Page
1156
Current page
1157
Page
1158
Page
1159
Page
1160
Page
1161
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department