ကျောက်တန်း ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မိုးစပါးရာသီတွင် မှော်ဘီ(၃)စပါး(seeder)စံပြ စိုက်ခင်း စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျောက်တန်းမြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ ကွင်းအမှတ် (၆၂၈-A)၊ ဦးပိုင်အမှတ် (၃၀)၊ ဧရိယာ ( ၁၀.၀၀ ) ဧကရှိ တောင်သူဦးဌေးလွင်၏လယ်မြေ၌ စံပြစိုက်ပျိုးပွဲကျင်းပခဲ့သည်။
အဆိုပါ မိုးစပါး(seeder)ဖြင့် စံပြစိုက်ခင်းစိုက်ပျိုးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဘုန်းခန့်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးသန့်နှင့်၀န်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်၀န်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့နှင့်အဖွဲ့၀င်များ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား(၃၀)ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် တောင်သူဦးဌေးလွင်၏၊ ကွင်းအမှတ် (၆၂၈-A)၊ ဦးပိုင်အမှတ် (၃၀)၊ ဧရိယာ ( ၁၀.၀၀ ) ဧကတွင် မိုးစပါး (seeder) စံပြစိုက်ခင်း စိုက်ပျိုးခဲ့ကြောင်းသိရသည်။
သန့်ဇင်ထွန်း