လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

လှည်းကူး ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဇော်၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင်၊ ဒုတိယကျောင်းအုပ်ကြီး ၊သင်ကြားရေးဆရာ၊ ဆရာမများ၊ (၄)နှစ်သင်ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၉၁၉) ဦးတို့က စိန်ပန်းပင်၊ မဟော်ဂနီပင်၊ ပျဥ်းမပင်တို့ကို လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)