သန်လျင်မြို့နယ်၌ ဆိတ်မွေးမြူရေးလုပ်ငန်း အောင်မြင်လျက်ရှိ

ရန်ကုန် ဇူလိုင် ၇

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း စီးပွားဖြစ်ဆိတ်မွေးမြူရေးလုပ်ငန်း  အောင်မြင်စွာဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆိတ်မွေးမြူရေးလုပ်ငန်းကို သန်လျင်မြို့နယ် အုတ်ဖိုစု-သနပ်ပင်လမ်းပေါ်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးသူရစိုး (မဟာနန်းတော် ဆိတ်မွေးမြူရေးခြံ)တွင် စီးပွားဖြစ် ဆိတ်ကောင်ရေ (၁၀၀၀) ကျော် မွေးမြူထားရှိကြောင်းသိရသည်။

ကျေးလက်နေပြည်သူများအနေဖြင့် ဆိတ်မွေးမြူခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိနိုင်ခြင်း၊ နိုးစားဆိတ်များမှ ဆိတ်နိုးအား(၃)လမှ(၁၂)လအထိ ရရှိနိုင်ခြင်း၊ အခြားမွေးမြူရေး တိရစ္ဆာန်များထက် အကြမ်းခံနိုင်ခြင်း၊ စျေးကွက်အဆင်သင့်ရှိခြင်းတို့ကြောင့် ဒေသခံတောင်သူများအနေဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်းကို တွင် ကျယ်စွာမွေးမြူနိုင်ကြောင်း မဟာနန်းတော် ဆိတ်မွေးမြူရေးလုပ်ငန်းရှင်  ဦးသူရစိုးမှပြောကြားသည်။

သန်လျင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကလည်း ဆိတ်မွေးမြူသောတောင်သူများအတွက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေးအ တွက် ကူညီဆောင်ရွက်ပေးခြင်းအစရှိသည့် ပံ့ပိုကူညီမှုများကို ဆိတ်မွေးမြူသည့်ကျေးရွာများအရောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြိုးသီဟ (ပြန်ဆက်)