Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း
Jul 08,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲ ပြုလုပ်
Jul 08,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နန်းခဲရပ်ကွက်ရှိ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြေအသုံးချမှု၊ ဇုန်သတ်မှတ်ချက်စည်းမျဉ်း၊ ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်…
Jul 08,2025
နေပြည်တော်ကောင်းစီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် မြေအသုံးချမှု၊ ဇုန်သတ်မှတ်ချက်စည်းမျဉ်း၊ ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာစည်းမျဉ်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ညောင်ရွှေမြို့နယ်အတွင်း သီးနှံများရေကြီးနစ်မြှပ်…
Jul 08,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ သီးနှံများရေကြီးနစ်မြှပ်ခြင်းကြောင့် ထိခိုက်၊ ပျက်စီးမှုအတွက် တောင်သူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ညောင်ရွှေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ
Jul 08,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်ပတ္တမြားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ဇူလိုင် (၆) ရက်နေ့ နေ့လယ် ၂ နာရီက တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက် ငှက်ပစ်တောင် ဘိုးဘွားရိပ်သာ၊ ပရဟိတဆေးခန်း၌ ဆေးကုသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ပေါင်းလိုက်မြေဩဇာထည့်သွင်းမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jul 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာတွင် မိုးစပါး(ယာ)အထွက်ကောင်းမျိုးများဖြစ်သည့်(အောင်နိုင်တိုး၊ DU-16၊ ရွှေရင်အေးမျိုး)၊ ဒေသမျိုးများဖြင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ဆောင်ရွက်မှု၊ ယာစပါးမျိုးသန့်ပွား စိုက်ခင်းဆောင်ရွက်ထားရှိမှု၊ ယာစပါးစမ်းသပ်ကွက်နှင့် စံပြကွက်များ ပေါင်းလိုက်၊ မြေဩဇာကျွေးခြင်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေး၌ ဈေးသူ၊ ဈေးသားများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 08,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေး ဈေးကောင်းရုံး၌ မြို့နယ်စည်ပင်ဌာနရေးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးဌာနဝန်ထမ်းများပူးပေါင်း၍ Covid-19 ရောဂါကာကွယ်ဆေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာရောက်သူများအား ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1151
Page
1152
Page
1153
Page
1154
Current page
1155
Page
1156
Page
1157
Page
1158
Page
1159
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department