Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့ အခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်)သို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Jul 08,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား/ကျောင်းသူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီက mobile libraryစနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jul 08,2025
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၀)ကွင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်၍ကျန်ရှိသည့် ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အလေးထားဆောင်ရွက်
Jul 08,2025
မန္တလေးတိုင်းဒေသကြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီများနှင့်ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး စစ်ဆေးရေးဂိတ်များရှိ ပူးပေါင်းစစ်ဆေးအဖွဲ့များအလိုက် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိရောက်စွာ တားဆီးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများသွားလာမှုအခက်အခဲမဖြစ်ပေါ်စေရေး၊ ယာဉ်ကြောကြပ်တည်း မှုနှင့်ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရေး စနစ်တကျကြပ်မတ်ကာ တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး
Jul 08,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျိုင်းတုံဒေသအနီးဝန်းကျင်မှ ဒေသခံပြည်သူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သွားကျန်းမာ)ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီး
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးသီးနှံ ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လူထုဖြန့်ပျိုးခြံများအား ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်
Jul 08,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် တပ်ကုန်း-ပုဗ္ဗသီရိ ကားလမ်းအတွင်း လယ်ယာမြေများပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အဆင့်ဖွဲ့စည်းထားရှိသည့် လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ တာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျေးရွာအုပ်စုအလိုက်၊ ကွင်းအလိုက်တောင်သူများ၏ လိုအပ်ချက်များဆွေးနွေးတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1150
Page
1151
Page
1152
Page
1153
Current page
1154
Page
1155
Page
1156
Page
1157
Page
1158
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department