မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်ကျင်းပ

ကိုကိုးကျွန်း ဇူလိုင် ၇

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကိုအထောက်အကူပြုစေရန်၊ အရိပ်ရရှိစေရန်၊ နိုင်ငံ့စီးပွားအားတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် လေပြင်းတိုက်ခတ်ခြင်းတို့မှ ကာကွယ်နိုင်ရန်တို့အားရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်၉နာရီအချိန်က ကိုကိုးကျွန်းမြို့နယ်၊ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်အရှေ့ရှိ မြေကွက် လပ်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးပွဲမကျင်းပမီ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ထွန်းမှ ဌာနဆိုင်ရာများအား ပျိုးပင်များပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဗိုလ်မှူးဇင်လင်းဦး၊ မြို့နယ်လဝက ဦးစီးမှူးဦးတင်စိုး၊ မြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ် ဦးအောင်အောင်သူတို့မှ ပျိုးပင်များအား ဌာနဆိုင်ရာဝန်ထမ်းများအားပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ထွန်းမှ မဟော်ဂနီပျိုးပင်အားဦးဆောင်စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသောသူများမှလည်း ပျိုးပင်များအား မိမိသတ်မှတ်နေရာများတွင်စိုက်ပျိုးခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောနှင့် စီမံအဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၂) စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီစောနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်ပင်ချစ်သူများအဖွဲ့၊ စုစုပေါင်းအင်အား (၂၃၅) ဦး တက်ရောက်ခဲ့ပြီး စိုက်ပျိုးပင် မဟော်ဂနီ (၃၅၀) ပင်နှင့် စိန်ပန်းပင် (၅၀) ပင် စုစုပေါင်း ပျိုးပင်(၄၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်အောင်သူထံမှ သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)