အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်၊ ကျန်းမာပျော်ရွှင်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတည်ထောင်နိုင်ရန်တို့ကိုရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကသာမြို့ သီရိခေမာဈေးကြီး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jul 07,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုခဲ့ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဝန်ထမ်းအင်အား ငွေစု ငွေချေး သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၅ နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 07,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅) နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
Jul 07,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ခရိုင်အမျိုးသမီးကော်မတီဝင်များသို့ အသိပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။