ကရသူရိ ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ မြို့ဦး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်အား ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဇူလိုင် ၅ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က ပစ္စည်း(၄)ပါး လှူဒါန်းခြင်းနှင့် အခြားသော လှူဖွယ်ပစ္စည်းများ လှူဒါန်းရခြင်းဖြင့်ရရှိသည့် ကုသိုလ်ကောင်းမှု အကျိုးတရားများကို မိန့်ကြား၍ ဆုတောင်းမေတ္တာပို့သသည်။ ထို့နောက် ဆရာတော်အား ပစ္စည်းလေးပါးနှင့် လှူဖွယ်အစုစုတို့အား မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းလှူဒါန်းကြသည်။
အဆိုပါ လှူဖွယ်အစုစုတို့ကို ဆရာတော်၊ သံဃာတော်များနှင့် ဥပုသ်သည်များ ဝါတွင်းကာလ၌ ဆွမ်းအခက်အခဲမရှိစေရေးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)