Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Apr 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကြိုတင် တားဆီးကာကွယ်ရေးအတွက် ပြု လုပ်သည့်၊ အသိညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ မဲခေါင်စာပေဆုရ အမျိုးသားစာပေဆုရစာရေးဆရာ အကြီးကိုကို(ကသာ) လာရောက် စာပေဟောပြောမည်
Apr 06,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မချမ်းဘော့မြို့ရှိ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ဧပြီလ၇ ရက် နံနက်၁၀ နာရီတွင် ဂူးဘားခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ သောက်သုံးရေပြတ်လပ်လျက်ရှိသော အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ သောက်သုံးရေ များဖြန့်ဝေလှူဒါန်း
Apr 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပူပြင်းသောနွေရာသီကာလတွင် ရေတွင်း၊ ရေကန်များခန်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ယနေ့နေ့လယ် ၁၂ နာရီကအချိန်က ရေအခက်အခဲကြုံတွေ့နေရသော အလိုတော်ပြည့်ဘုန်းတော်ကြီးတော်သို့ သွားရောက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွား ရောက်ကာ သောက်သုံးရေများကို ဖြန့်ဝေ လှူဒါန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် ထိုးနှံပေး
Apr 06,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီက ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား
Apr 06,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ ယမန်နေ့နံနက်(၁၀) နာရီကျော်ခန့် တွင် လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၊ရာဖူး-သဲချောင်းကျေးရွာချင်းဆက်မြေသားလမ်း ၅/၀ မိုင်ဖောက်လုပ်ခြင်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Apr 06,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူး-သဲချောင်း ကျေးရွာချင်းဆက်မြေသား လမ်း ၅/၀ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီး ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်
Apr 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် (၉)နာရီခွဲက စာရေးဆရာ မောင်မြင့်ကြွယ်နှင့် မောင်တင်မောင်အေးတို့ ရေးသားသည့် ထူးချွန်သူ ၅၀၀ တို့၏ ကိုယ်တွေ့အောင်မြင်ရေးနီတိများ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့ ပုသိမ်-ချောင်းသာကားလမ်းမပေါ်၌ ယာဥ်တိမ်းမှောက်မှုဖြစ်ပွား
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပုသိမ်-ချောင်းသာ ကားလမ်းမပေါ်တွင် ယမန်နေ့နံနက် ၈ နာရီ ၂၀ မိနစ် အချိန်ခန့်က ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာ၌ (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11380
Page
11381
Page
11382
Page
11383
Current page
11384
Page
11385
Page
11386
Page
11387
Page
11388
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department