ထားဝယ် ဧပြီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူး-သဲချောင်း ကျေးရွာချင်းဆက်မြေသား လမ်း ၅/၀ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၄၄ ဒဿမ ၆၁၅ သန်း ဖြင့် Apex Queen ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရာ ရေဖြူမြို့နယ်၊ ရာဖူး-သဲချောင်း ကျေးရွာချင်းဆက်မြေသားလမ်း ၅/၀ မိုင်နှင့် ၎င်းလမ်းပေါ်ရှိ ၅ ပေ Box Culvert ၅ စင်း တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါရာဖူး-သဲချောင်း ကျေးရွာချင်းဆက်မြေသားလမ်းပေါ်ရှိကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၆၇၁ အိမ်၊ လူဦးရေ ၃၁၃၀ ဦးတို့၏ များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ် အကိုင် အခွင့်အလမ်းများပိုမို တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)