ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်း   ဧပြီ   ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကြိုတင် တားဆီးကာကွယ်ရေးအတွက်  ပြု လုပ်သည့်၊ အသိညာပေး Talk Show ကို  ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ဖြစ်ပွားတတ်သည့် မီးလောင်မှုအန္တရာယ်လျော့နည်းကျဆင်းစေရေးအတွက် မည်ကဲ့သို့ ကြိုတင်တားဆီးကာကွယ်သွားရမည့်ကိစ္စရပ်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များအပြင်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေသည့် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များကို မေးမြန်းဆွေးနွေးရာ၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းက မီးဘေးအန္တရာယ်ကြိုတင်တား ဆီးကာကွယ်ရေးအတွက် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အိမ်တိုင်းအိမ်တိုင်းနှင့် အစိုးရပိုင် ရုံး/ဂိုဒေါင်နှင့် ရိပ်သာအစရှိသည်တို့တွင် သဲ၊ ရေ၊ လှေကား၊ မီးချိတ်၊ မီးခတ်နှင့် မီးသတ်ဆေးဗူး စသည်တို့ ပြည့်စုံစွာ ပြင်ဆင်ထားရှိရန်လိုအပ်ကြောင်းနှင့်မီးဘေးလုံခြုံရေး ဆောင်ရွက်သင့်သည်များ၊ ရှောင်ကြဉ်ရမည့် အချက်များကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာန အနေဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ် ဆက်ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပြည်သူ့အကျိုးပြုနှင့်အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အသိပညာပေး  Talk Show ကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ပြည်သူများအသိပညာရရှိ စေရန်အတွက်၊ ကျောက်ပန်းတောင်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook Page တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)