မြောက်ဦး ဧပြီ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပူပြင်းသောနွေရာသီကာလတွင် ရေတွင်း၊ ရေကန်များခန်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ယမန်နေ့နေ့လယ် ၁၂ နာရီကအချိန်က ရေအခက်အခဲကြုံတွေ့နေရသော အလိုတော်ပြည့်ဘုန်းတော်ကြီးတော်သို့ သွားရောက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွား ရောက်ကာ သောက်သုံးရေများကို ဖြန့်ဝေ လှူဒါန်းပေးခဲ့သည်။
ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင်ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မြောက်ဦးမြို့ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိကြသည့် ဆရာတော်သံဃာတော်များအတွက် သောက်သုံးရေဖူလုံစေရေး လို အပ်သည့်ရေပမာဏကို လိုက်လံပို့ဆောင်လှူဒါန်းပေးလျှက်ရှိကြောင်း၊လက်ရှိအနေဖြင့် မြို့ပေါ်ကျောင်းဖြစ်သည့် အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ၁၆၀၀ ဂါလံကို စနစ်တကျဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင် (ပြန်/ဆက်)