အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသခံကလေးများ ပညာရေးပတ်ဝန်းကျင်ကောင်းတွင် ပညာသင်ယူနိုင်ရန်အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်းမှတစ်ဆင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်၊ စေတနာအဖွဲ့နှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော လွယ်ပွတ်ကျေးရွာအုပ်စု၊ တောရကျေးရွာတောရ အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့  လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများ စာအုပ်စာပေ ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြှင့်စေရေးအတွက်ရည်ရွယ်ကာ ယမန်နေ့မွန်းလွဲပိုင်းက  သုတရသစာအုပ်စာစောင်များ၊ ကလေးစာပေများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Apr 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နှင့် ဇေယျာသီရိမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီး မျိုးပွားအင်္ဂါများဆိုင်ရာ ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်) ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။
Apr 06,2023
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် သင်္ကြန်ယိမ်းအဖွဲ့များ မတ်လ ဒုတိယအပတ်မှ စတင်၍ သတ်မှတ်နေရာ အသီးသီးတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။
Apr 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ နှင့်အညီ ရိုးရာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများစိတ်နှလုံးချမ်းမြေ့စွာဖြင့်
Apr 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ပျက်စီးနေသည့်လမ်းပိုင်း(၂)နေရာအား မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီဖြစ်၍ ပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ နတ်​​​မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းညိုကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။