ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

ကျောက်ဆည် ဧပြီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် (၉)နာရီခွဲက စာရေးဆရာ မောင်မြင့်ကြွယ်နှင့် မောင်တင်မောင်အေးတို့ ရေးသားသည့် ထူးချွန်သူ ၅၀၀ တို့၏ ကိုယ်တွေ့အောင်မြင်ရေးနီတိများ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

  စာဖတ်ဝီုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအနေဖြင့် မိမိကိုယ်ကို မှန်ကန်စွာ အကဲဖြတ်နိုင်အောင် လေ့လာသင်ယူထားခြင်းမရှိပါက အခြားပုဂ္ဂိုလ်များအား မည်ကဲ့သို့မှန်ကန်စွာ အကဲဖြတ်နိုင်မှာ မဟုတ်ကြောင်း၊ လှုပ်ရှားမှု တစ်ခုခုကို မပြုလုပ်မီ ကြိုတင်စဉ်းစာချင့်ချိန်ပြီးမှ ဆောင်ရွက်လေ့ရှိသူသည် ၎င်း၏ ပြုမူဆောင်ရွက်ချက်များအတွက် ဝန်ချတောင်းပန်လေ့မရှိကြောင်းနှင့် မြို့နယ်စာရေးဆရာချစ်မြတ်သူများအသင်းဥက္ကဋ္ဌ စာရေးဆရာ မောင်ခိုင်ကျော်(ကျောက်ဆည်)က သင့်ရှေ့မှ ပုဂ္ဂိုလ်ကို စောင့်ကြည့်နေမည်ဆိုပါက ဘာကြောင့် ထိုသူဟာ ရှေ့သို့ရောက်နေကြောင်း သင်သိလာလိမ့်မည်ဖြစ်ပြီး သူ့ကိုအတုယူစေလိုကြောင်း၊ မိမိထံတွင် ဆုံးဖြတ်နိုင်ရန်အတွက် လိုအပ်သောအချက်အလက်များ ပြည့်စုံစွာရှိနေသည့်တိုင်အောင် မဆိုင်းမတွဘဲ မဆုံးဖြတ်တတ်သူ တစ်ဦးသည် ထိုဆုံးဖြတ်များအား ၎င်းချမှတ်ပြီးသည့်တိုင်အောင် ဆက်လက်ဆောင်ရွက် နိုင်လိမ့်မည်ဟု အားမကိုးလောက်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လုပ်ငန်းတစ်ခုကို ဆောင်ရွက်သည့်အခါတိုင်း သင်နောက်ဆုံး ဆောင်ရွက်ခဲ့သော လုပ်ငန်းထက်ပိုမိုကောင်းမွန်အောင် ကြိုးပန်းနေမည်ဆိုပါက များမကြာမီ သင်သည် ပတ်ဝန်းကျင်၌ ရှိနေသူများထက် ပိုမိုထူးချွန် လာလိမ့်မည်ဖြစ်ကြောင်း၊ ဟင်နရီဖို့ဒ်က ၎င်းထုတ်လုပ်သော မော်တော်ကားတိုင်း၌ မူလီတစ်ချောင်းနှင့် မူလီခေါင်းတစ်ခု လျော့နည်းတပ်ဆင်နိုင်သောနည်းကို ပြသပေးနိုင် သူအား ဒေါ်လာ ၂၅၀၀၀ ချီးမြှင့်မည်ဟု ပြောဖူးသည့် အဆိုရှိကြောင်းနှင့် ရှုံးနိမ့်သွားချိန်တွင် အဆိုပါရှုံးနိမ့်မှုကို နောက်ထပ်ကျိုးစားရန် စိန်ခေါ်မှုတစ်ရပ်အဖြစ် လက်ခံလိုက်ခြင်းဖြင့် လူအများအပြားသည် မိမိတို့၏ စစ်မှန်သော ကြီးမြတ်မှုကို ရှာဖွေတွေ့ရှိကြကြောင်း ရှင်းလင်းပြောကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် သိရှိလိုသည်များ အပြန်အလှန် မေးမြန်းခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)