Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့နယ် ပန်းညိုကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကွင်းဆင်းစစ်ဆေး
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းညိုကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသတွင် ဒရင်ကောက်ပင်များလိုက်လံချိုးယူရောင်းချခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ
Apr 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုသော နွေရာသီအချိန်တွင်အလုပ် အကိုင်များရှားပါးလာသည်နှင့် အားလျော်စွာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက်ဉယျာဉ်ခြံအတွင်း ရှိချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့်လယ်ကွက်များတွင် သဘာဝအတိုင်းပေါက် ရောက်သည့် ဒရင်ကောက်ပင်များကို လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 06,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့၌ လူငယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်များစာပေအသိပညာ ဗဟုသုတတိုးပွား၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လူငယ်ရေးရာဆိုင်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ အသက်(၅ဝ)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး( ပဉ္စမအကြိမ် )စတင်ထိုးနှံ
Apr 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များရှိအသက်(၅၀)နှစ်မှအထက်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း ကန့်သတ်ထားသော အစားအသောက်နှင့် ဓာတုဆိုးဆေးများ အသုံးပြု၍ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့မစည်ပင်သာယာရေးဈေးအတွင်း ကန့်သတ်ထားသော အစားအသောက်နှင့် ဓာတုဆိုးဆေးများအသုံးပြု၍ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူငယ်၊ လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့(၁၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ (၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင် ရွှေတီဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11379
Page
11380
Page
11381
Page
11382
Current page
11383
Page
11384
Page
11385
Page
11386
Page
11387
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department