ပေါက်တောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် ထိုးနှံပေး

ပေါက်တော ဧပြီ ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို  ယနေ့ နံနက်(၁၀)နာရီက  ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်လာရောက်သည့်  ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကို တတိယအကြိမ် ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ် လည်းကောင်း ထိုးနှံပေးကြသည်။

အဆိုပါ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီလ (၅)ရက်နှင့် (၆)ရက်နေ့တို့တွင် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ နံနက် ၁၀နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)