မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

မိုးကောင်း  ဧပြီ 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ ယမန်နေ့နံနက်(၁၀) နာရီကျော်ခန့် တွင် လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပင်းဘောကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာအုပ်စု(၄)ရပ်ကွက်နေ ဦးအားမြင့်၏နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာ အပူရှိန်လွန်ကဲပြီး အနီးရှိဝါးထရံသို့ မီးကူးဆက်လောင်ကျွမ်းရာမှ ပေ ၃၀×၂၀ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် မီးလောင်ကျွမ်းမှုဖြစ်‌ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် နံနက်(၁၀)နာရီ (၂၈)မိနစ်ခန့်တွင် ဆားမှော်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေယာဉ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

မီးလောင်မှုကြောင့် ဦးအားမြင့်၊ အသက်(၅၂)နှစ်အား ပ ၄/(၂၀၂၃) ပုဒ်မ-၂၈၅ဖြင့် ပင်းဘောနယ် မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)