အမြို့မြို့အနယ်နယ်သတင်းများ

Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်း တစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်၊ အရည်အချင်း ပြည့်ဝတဲ့ အခမ်းအနားမှူး‌ကောင်း တစ်‌ယောက်ဖြစ်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး လူငယ်များ အတတ်ပညာတစ်ခု တတ်မြောက်စေရန် ရည်ရွယ်၍ အထောက်အကူပြုသင်တန်း ဖြစ်သည့် အခမ်းအနားမှူးသင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးများရိတ်သိမ်းပြီးပါက သီးထပ်အဖြစ်စျေးကွက်ပိုမိုရရှိနိုင်မည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလာကြပြီဖြစ်သည်။
Mar 31,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးဥပဒေရှင်းလင်းပွဲကို ယနေ့  မွန်းလွဲ(၁)နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Mar 31,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သင်္ကြန်ယိမ်းများကို ဌာနဆိုင်ရာအလိုက်၊ ရပ်ကွက်/ကျေးရွာအလိုက် အကတိုက် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
Mar 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ခရိုင်အဆင့် အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၃)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Mar 31,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပိုက်ခေါင်းများတပ်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးမီးသတ် ရေစင်တွင်ပြုလုပ်ခဲ့ကြသည်။
Mar 31,2023
လွိုင်ကော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်း  နှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဉခူရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။