အမြို့မြို့အနယ်နယ်သတင်းများ

May 30,2023
မွန်ပြည်နယ်၊ မော်လမြိုင်သားဖွားသင်တန်းကျောင်း တတိယအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်းမော်လမြိုင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
May 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကိုး ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (သနပ်ပင်) ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 30,2023
၂၀၂၃ခုနှစ်၊ မေလ(၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရိုက်ခတ်သွားသော မိုခါ(MOCHA)မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှံးသွားသော ရခိုင်ပြည်နယ်မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့်လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့နေ့လည်(၁း၀၀)အချိန်က ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
May 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် စာရင်းစစ်ရုံးများသို့ သုတရသ စာအုပ်စာစောင် မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
May 30,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့သည်။
May 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၇ နာရီက အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ SSC ဆေးရုံရှေ့၌ ရပ်ကွက်နေပြည်သူများကို ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခဲ့ကြောင်း သိရသည်။
May 30,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့် မြို့ပေါ်တွင်လည်း အပျက်အစီး များခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်မှ ဖွဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက်သစ်ပင်၊ သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ကြရာ ယနေ့နံနက်ပိုင်းက အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် လမ်းတစ်လျှောက် အမှိုက်သရိုက်များအားbackhoe အသုံးပြု၍ သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။
May 30,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ MSME လုပ်ငန်း လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။