ဒိုက်ဦးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေသဘင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒိုက်ဦး  မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နောင်ဦးမှ ဒိုက်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ လုံခြုံရေး၊ ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍာပ်များ စနစ်တကျတည်ဆောက်ရေးနှင့် ဖျော်ဖြေရေးအစီအစဥ်များ၊ အကယိမ်းအဖွဲ့များပါဝင်နိုင်ရေးတို့အတွက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ဆွေးနွေးပြောကြားခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ မိမိတို့ ဆပ်ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မှ နိဂုံးချုပ်စကား ပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)