မုံရွာခရိုင်အဆင့် အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မုံရွာ မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ခရိုင်အဆင့် အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်အဆင့် အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်မှတ်ပုံ တင်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မှတ်ပုံတင်ရေး အဖွဲ့အနေဖြင့် မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိ အသင်းအဖွဲ့များအား အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ရာတွင် NPO များကို ငွေကြေးအလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များကို အခုလိုအသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ကွပ်ကဲမှု အောက်ရှိ မြို့နယ်အဆင့် မှတ်ပုံတင်ရေး အဖွဲ့များအားလည်းအလားတူ  အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်သွားကြရန် ဖြစ်ကြောင်းနှင့် လိုအပ်သည့် အခက်အခဲများကို အားလုံးဝိုင်းဝန်း ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပူးပေါင်း တင်ပြဆွေးနွေး ကြရန် တိုက်တွန်းအဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ခရိုင်အဆင့် မှတ်ပုံတင်ရေးအဖွဲဝင်များနှင့် ခရိုင်အဆင့် မှတ်ပုံတင်ရေးအဖွဲ့ အတွင်းရေးမှူး တို့က သက်ဆိုင်ရာ အသင်းအဖွဲ့မှတ်ပုံတင်ရေးနှင့် စပ်လျဥ်း၍ ဥပဒေလုပ်ထုံလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးနေမှု အခြေအနေ များနှင့် လိုက်နာရမည့် စဥ်းမျဥ်းစည်းကမ်းများကို အကြံပြုဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်းများအားခရိုင် မှတ်ပုံတင်ရေး အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)