Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီသင်တန်းများသင်တန်းဆင်းပွဲကျင်းပ
Mar 31,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး၊ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲများကျင်းပ
Mar 31,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ (၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Mar 31,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် ၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ရှမ်းရိုးရာ ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများ ကျင်းပ
Mar 31,2023
နွေဦးပွင့်လင်းရာသီတွင် ရှမ်းရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကုန်းလမ်းရပ်ကွက်ရှိ မိုင်းပုတ်ဘုန်းတော်ကြီးကျောင်းဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းလူမျိုးတို့၏ဓလေ့ အစဉ်အလာများနှင့်အတူ ရှမ်းရိုးရာစုပေါင်းရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲများကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် ရှေးမူရှေးဓလေ့မပျက် နှစ်စဉ်တပေါင်း လဆန်းမှ တန်းခူးလအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား လူငယ်များအတွက် အထွေထွေဗဟုသုတဆိုင် ရာ ဟောပြောဆွေးနွေးပွဲများ ကျင်းပ
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေ ဗဟု သုတ ပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန်မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေးရည်ရွယ်၍ အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေး ပွဲများကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ရွှေကံ့ကော်မူလတန်းကြိုကျောင်း (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ဘွဲ့အပ်နှင်းခြင်းအခမ်းအနားကျင်းပ
Mar 31,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ရွှေကံ့ကော်မူလတန်းကြိုကျောင်း၌ ယမန်နေ့က (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘွဲ့အပ်နှင်းခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ အစ…
Mar 31,2023
ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနများသို့ သွားရောက်ပြီး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များအားကစားစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11155
Page
11156
Page
11157
Page
11158
Current page
11159
Page
11160
Page
11161
Page
11162
Page
11163
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department