နတ်မောက် မတ် ၃၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပိုက်ခေါင်းများတပ်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးမီးသတ် ရေစင်တွင်ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ရေပိုက်ခေါင်းရေပိုက်များ တပ်ဆင်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံနှင့်အဖွဲ့ဝင်များက ရေစင်မှရေအသင့်ရရှိနိုင်ရေး ရေပိုက်ခေါင်းများ၊ ရေပိုက်များ အသစ်တပ်ဆင်ခြင်းနှင့် အရေးပေါ်မီးဘေးအတွက် ရေကျဆင်းမှု ကောင်း/ မကောင်း လက်တွေ့ဆောင်ရွက်ခဲ့ပြီး ဈေးအတွင်းရှိ ရေငုတ်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း