ပေါက်တော မတ် ၃၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးဥပဒေရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် လက်ရှိကလေးသူငယ်ကာကွယ်ရေးဥပဒေနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းခြင်းပြောကြားခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုးက မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ကလးသူငယ်အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ မြို့နယ်ကလေးသူငယ်ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့် အရေးနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဝိုင်းဝန်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)