မိုင်းယောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် သင်္ကြန်ယိမ်းအဖွဲ့များ အကတိုက် လေ့ကျင့်

မိုင်းယောင်း မတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သင်္ကြန်ယိမ်းများကို ဌာနဆိုင်ရာအလိုက်၊ ရပ်ကွက်/ကျေးရွာအလိုက် အကတိုက် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

မြန်မာသက္ကရဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ ယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ ယိမ်းအဖွဲ့များက သက်ဆိုင်ရာနေရာများတွင် အကတိုက် လေ့ကျင့်လျက်ရှိသည်။

ထို့ပြင် အနယ်နယ်အရပ်ရပ်က ပြည်သူများ မဟာသင်္ကြန်ကာလ ရေကစား အပန်းဖြေလည်ပတ်နိုင်ရန်အတွက် လော့ငိုးကြိုးတံတားနှင့် နမ့်ယောင်းချောင်းကမ်းနံဘေး သဲသောင်ပြင်တို့တွင် ယာယီတဲများနှင့် ဈေးဆိုင်များကိုလည်း ဒေသခံဈေးသည်များက စတင်ဆောက်လုပ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း