ဘားအံမြို့၌ နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်း သင်ခန်းစာတတ်မြောက်မှု စစ်ဆေးခြင်း ပြိုင်ပွဲ ပြုလုပ်

ဘားအံ   မေ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် အင်္ဂလိပ်စာ အခြေခံ(Grammar)ကို သင်ယူလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ နွေရာသီ အခြေခံအင်္ဂလိပ်စာ(Grammar) (၂/၂၀၂၃)ကို မေလ(၄)ရက်နေ့မှ စတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီခန့်က သင်ခန်းစာတတ်မြောက်မှု ဆန်းစစ်ခြင်း ရေးဖြေပြိုင်ပွဲနှင့် Kahoot Quiz Game ပြိုင်ပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာ (Grammar) ဆန်းစစ်ခြင်း ရေးဖြေပြိုင်ပွဲနှင့် Kahoot Quiz Game ပြိုင်ပွဲတွင် သင်တန်းကာလအတွင်း သင်ကြားပေးခဲ့သော အခြေခံအင်္ဂလိပ်စာ (Grammar) သင်ခန်းစာများကို ရေးဖြေ၊ Kahoot Quiz Game များဖြင့် သင်ခန်းစာတတ်မြောက်မှု ဆန်းစစ်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ(၂၃)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို သင်တန်းဆင်းပွဲ ကျင်းပသည့် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင်သွားမည်ဖြစ် ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)