နောင်တရား မေ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အခြေခံပညာအထက်တန်းကျောင်းဧရိယာ အတွင်းနှင့် ကျောင်းဧရိယာပြင်ပတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ချုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြတ်များ၊ အမှိုက်သရိုက်များသိမ်းခြင်းစသည့်လုပ်ငန်းများကို နောင်တရားမြို့တွင်းဌာဆိုင်ရာများ၊ ကျောင်းသားမိဘများက ယနေ့နံနက်ပိုင်းတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းဖွင့်ရသီစတင်ပြီသည့်အတွက် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ကျောင်းရှေ့မျက်နှာစာ၊ ကျောင်းပြင်ပပတ်ဝန်းကျင်၊ ကျောင်းဧရိယာအတွင်းရှိ ပေါင်းမြတ်များ၊ ချုံနွယ်များရှင်းလင်းခြင်း၊ ကျိုးကျနိုင်သည့် သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းစသည့် ပတ်ဝန်းကျင်းသာယာရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးဦးအလ်ယ်အောင်ဒင်မှိုင်ကဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများ စုစုပေါင်းအင်းအား(၃၀၀)ကျော်ဖြင့် စုပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)