နွားထိုးကြီး မေ ၂၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အမှတ် (၅) ရပ်ကွက်၊ မြို့ရှေ့အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီးမှူး၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ယမန်နေ့မှစ၍ ဖွင့်လှစ်ပို့ချလျှက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သရဏဂုံတည်ဆောက်ရသည့်အကျိုး၊ ပဋ္ဌာန်းရွတ်ဖတ်ရသည့် အကျိုး၊ ထိခြင်းငါးပါးဖြင့် ဘုရားရှိခိုးခြင်း၊ မင်္ဂလာကဗျာရွတ်ဆိုခြင်း၊ ဘုရား အလောင်း ဝေသန္တရာမင်း၏ အလှူ၊ တပည့်ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်၊ ဆီမီးတော်ကပ် အလှူ၊ ဆုတောင်း၊ မေတ္တာပို့၊ အမျှဝေ စသည့် သင်ခန်းစာများကို မေလ (၂၉ )ရက်နေ့အထိ မြို့ရှေ့ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ( ၁၀၀ )ဦးအား အခြေခံ ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်း ပို့ချမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်