တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စစ်တုရင်ပြိုင်ပွဲကျင်းပ

တောင်ကြီး     မေ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကာလအတွင်း ကျောင်းသားလူငယ်များ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန် ဧပြီလ ၇ ရက်မှ မေလ ၂ ရက်နေ့အထိ အခြေခံစစ်တုရင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ရာ ထူးချွန်သင်တန်းသားများအတွက် ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၊ Art Space တွင် လူငယ်စစ်တုရင်ပြိုင်ပွဲကို ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ စစ်တုရင်သင်တန်းမှ ထူးချွန်သင်တန်းသား/သူ ၁၃ ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)စစ်တုရင်သင်တန်းမှ ထူးချွန်သင်တန်းသား/သူ ၁၃ ဦးတို့က တစ်ဆင့်မြင့်ပြိုင်ပွဲကို အဆင့်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

လူငယ်စစ်တုရင်ပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်း၊ သင်တန်းနည်းပြများနှင့် စစ်တုရင်ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကာလနှစ်ရက်အတွင်း အဆင့်အလိုက်ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။

ဇော်နိုင်လင်း