ကျောက်တော်မြို့၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသောနေရာများအား ကွင်းဆင်းစာရင်းကောက်ယူ

ကျောက်တော် မေ ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသွားသောနေရာများသို့ မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်းအချိန်က အာဆီယံနိုင်ငံအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အာဆီယံနိုင်ငံများပူးပေါင်းပါဝင်သောအဖွဲ့သည် စစ်တွေမြို့မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာ လာပြီးကျောက်တော်မြို့သို့ ရောက်ရှိလာကာ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောနေရာများ အနက်မှ ရှမ်းရွာရပ်ကွက်အတွင်းရှိ စစ်မူထမ်းဟောင်း အိမ်ရာအတွင်း လေဘေးသင့်ပြည်သူများအား တွေ့ဆုံပြီး လေဘေးသင့်ပြည်သူများ၏ စာဝတ်နေရေး၊ အလုပ်အကိုင်ရရှိရေး၊ နေထိုင်စားသောက်ရေး၊ သောက်သုံးရေနှင့်‌ သုံးရေများပြတ်မှုမရှိစေရေး စသည့်အခက်အခဲများအား မေးမြန်းရာ လေဘေးသင့်ပြည်သူများအနေဖြင့်မိမိတို့၏ လိုအပ်ချက်များအား ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။

ထို့နောက် အာဆီယံနိုင်ငံများပါဝင်သောအဖွဲ့သည် ပြည်တော်သာရပ်ကွက်အတွင်းရှိ ကဝိရတနာ ဘုန်းတော်ကြီးကျောင်းတိုက် ယာယီခိုလုံရာတိုက်ပွဲရှောင်စခန်းရှိ ပြည်သူများနှင့် တွေဆုံပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ရာ လေဘေးသင့်ပြည်သူများမှ မိမိတို့၏ လိုအပ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များမှ စစ်တမ်းများအား စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း