အမြို့မြို့အနယ်နယ်သတင်းများ

May 28,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာနမှ ရှမ်းသောက် ကြိုးပြင်ကာကွယ်တောအကွက် အမှတ် (၂) အတွင်း ဒေသအခေါ် မဟာဗောဓိကုန်းမြေနေရာတွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
May 28,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ စာရင်းအင်းအရည်အသွေးပြည့်ဝရေးနှင့်တိကျမှန်ကန်ရေးဆိုင်ရာ ဆင့်ပွား အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 28,2023
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော‌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်အတွင်းရှိနေအိမ်များတွင် ကွင်း‌ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 28,2023
"လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု" (Case Management) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီက ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။
May 28,2023
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများ၏ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ် နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။
May 28,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကေတုမတီမြို့သစ်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ ကျင်းပခဲ့သည်။