အမြို့မြို့အနယ်နယ်သတင်းများ

May 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကအမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြမီးများ ပြည့်စုံ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရဟန်း၊ သံဃာတော်များနှင့်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရွာကောက်ရပ်ကွက်၊ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၌ ထိုးနှံပေးလျက်ရှိသည်။
May 31,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျေးလက်ဒေသရှိလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာ ခန်းမ၌ ကျင်းပခဲ့သည်။
May 31,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ    ကျောင်းကျန်းမာ​ရေး လှုပ်ရှားမှုအ​နေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်အတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နံနက် ၁၀ နာရီက  အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က(ဟိုနား)​ကျောင်း ကွင်းဆင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
May 30,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့၊ ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည်။
May 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း တောင်တန်း ထူထပ် ပေါများပြီး အဆိုပါတောင်တန်းများကြားတွင် စပါးစိုက်ပျိုးနိုင်သော လယ်ယာမြေ အနည်းငယ်မျှသာရှိရာ ဒေသခံပြည်သူများက မိုးတွင်းကာလ၌ မိုးရေ အားထားကာ မိမိတို့လယ်မြေများတွင် မိုးစပါးတစ်မျိုးတည်းကိုသာ အဓိကထား စိုက်ပျိုး၍ အသက်မွေးခဲ့ ကြသည်။
May 30,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်  မိုးရာသီ အကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်  ဒုညောင်ပင်ကြီးကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာ၊   မောင်တော -အငူမော် ကားလမ်းမအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။