Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဓနုဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ကြည့်ရှုစစ်ဆေး
Jun 03,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးအေးကြွယ်နှင့် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်တွင်ရောက်ရှိပြီး ရုံးသန့်ရှင်းသာယာလှပမှု၊ စာကြည့်တိုက်ပြင်ဆင်ထားရှိမှု၊ ကလေးစာဖတ်ခန်းပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ဓနုဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မေစိုးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြသပါသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့ပေါ်ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် Abate ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်
Jun 03,2023
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်း(၄) ကျောင်းတွင်မြို့ဌာန ဆိုင်ရာများ၊ ကျေးလက်ကျန်းမာရေးဆရာမ (၂) ဦး၊ကြက်ခြေနီအဖွဲ့ဝင် (၂) ဦးနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေး များမှယနေ့နံနက်(၈) နာရီအချိန်က သွေးလွန်တုပ် ကွေးရောဂါကြိုတင် ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ပတ် ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်အသိပညာပေး (Talk-Show)ပြုလုပ်
Jun 03,2023
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ၊ ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာ တို့ပူးပေါင်း၍ ဇွန်လ၅ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကိုဂုဏ် ပြုကြိုဆိုသောအားဖြင့် “ပလတ်စတစ် ညစ်ညမ်းမှုကိုတိုက် ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက် စို့”ခေါင်းစဥ်ဖြင့် အသိပညာပေး ဆွေးနွေး ပွဲ(Talk-Show)ကို ဇွန်လ ၃ရက်နေ့ နံနက် က လူထုအခြေပြု ဗဟိုဌာန၊(Community Centre) ခန်းမ ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Jun 03,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၃)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(ရန်ကုန်)တွင် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် စီးပွားရေး သံမှူးနှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌတို့ တွေ့ဆုံ
Jun 03,2023
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ စီးပွားရေးသံမှူး Mr. Tan Shufu သည် တာဝန်ပြီးဆုံး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သဖြင့် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များထံ လာရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ၎င်းနေရာတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးသစ်Mr. Ouyang Daobingနှင့်လည်း အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ ၂၀၂၃ခု နှစ် ဇွန်လ ၂ ရက်နေ့တွင် အသင်းချုပ်ရုံး၌တွေ့ဆုံ မိတ်ဆက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးTalk Show ပြုလုပ်
Jun 03,2023
၂၀၂၃ ခုနှစ် ဇွန် ၅ ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀နာရီက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လားရှိုးမြို့၌ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်
Jun 03,2023
မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရွှေလီဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်အတွင်း ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာလှပ ရေးဆောင်ရွက်နေမှုအား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများ ကြည့်ရှုအား…
Jun 03,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီး၊ ဆုံးရှုံးခဲ့သောရပ်ကွက်/ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှဘူးသီးတောင်ဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် ကြီးကြပ်ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီအချိန်က ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာ လှပရေးဆောင်ရွက်နေမှုများအား ကြည့်ရှုကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11094
Page
11095
Page
11096
Page
11097
Current page
11098
Page
11099
Page
11100
Page
11101
Page
11102
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department