ငွေဆောင် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်း(၄) ကျောင်းတွင်မြို့ဌာန ဆိုင်ရာများ၊ ကျေးလက်ကျန်းမာရေးဆရာမ (၂) ဦး၊ကြက်ခြေနီအဖွဲ့ဝင် (၂) ဦးနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေး များမှယနေ့နံနက်(၈) နာရီအချိန်က သွေးလွန်တုပ် ကွေးရောဂါကြိုတင် ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
မိုးရွာသွန်းပြီးခြင်ပေါက်ဖွားမှု များပြားလာခြင်း၊ မိုးဦးကျ ရာသီဖြစ်ခြင်းကြောင့် သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းနှင့် အဘိတ် (Abate)ဆေးခတ်ခြင်း အားစုပေါင်းဆောင်ရွက် ခဲ့ကြသည်။ အမှတ်(၁) ရပ်ကွက်ရှိ ဇီးမော်ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၂)ရပ်ကွက်ရှိမရမ်းကုန်း သီလရက္ခိတကျောင်း တိုက်နှင့်သာသနာ့ရံသီကျောင်းတိုက်၊ အမှတ်(၃)ရပ်ကွက်ရှိ ပုညာရာမကျောင်းတိုက်တို့တွင် ရေတင်ရှိနေ သောစည်ပိုင်းများ၊ ရေပုံးများနှင့်ရေတိုင်ကီများအားဖုံး၊ သွန်၊လဲ၊စစ်လုပ်ငန်းနှင့် ရေတိုင်ကီများ၊ရေကန်များ အားအဘိတ်(Abate)ဆေးခတ်ခြင်းအား ဆောင်ရွက်ခဲ့ကြသည်။ ရပ်ကွက်၊ ကျေးရွာများတွင် လည်းသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအဘိတ်( Abate) ဆေးခတ်ခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
R – O14( ငွေဆောင်)