ဘူးသီးတောင်မြို့နယ်အတွင်း ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာလှပ ရေးဆောင်ရွက်နေမှုအား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဘူးသီးတောင် ဇွန် ၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီး၊ ဆုံးရှုံးခဲ့သောရပ်ကွက်/ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှဘူးသီးတောင်ဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် ကြီးကြပ်ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီအချိန်က ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာ လှပရေးဆောင်ရွက်နေမှုများအား ကြည့်ရှုကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် အ.ထ.ကလက်ဝဲဒက် ပုဇွန်ချောင်းကျောင်း၊ အ.လ.က(ခွဲ)မြို့သစ်ကျောင်းနှင့် အခြေခံပညာမူလတန်းလွန်(ရွာမ) စာသင်ကျောင်းတို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပပြီး ဆရာ၊ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားခွင့်ရရှိစေရန်နှင့် စိမ်းလန်း စိုပြေသော သစ်ပင်ပန်းပင်များဖြင့် ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ကျောင်းရေပေးဝေနေမှုအား ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ သည်။

ထို့နောက် အဆိုပါအဖွဲ့သည် မုန်တိုင်းအလွန်ကာလ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပေါ်ရပ်ကွက်များအလိုက် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်းကာ လုပ်အားပေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေကြသူများအား အချိုရည်နှင့် စားသောက် ဖွယ်ရာများ ပေးဝေခဲ့သည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည်ဘူးသီးတောင်မြို့၌ မိုးရာသီကာလရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံ၊ သပြေကုန်းရပ်ကွက်၊ အနောက်ရပ်ကွက်မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မြို့သစ်တောင်ရပ်ကွက်၊ တောင်ရပ်ကွက်၊ မီးရထားဆိပ်ရပ်ကွက် တို့ရှိရေမြောင်းများတူးဖော်နေမှု၊ အမှိုက်သရိုက်များ ရှင်းလင်းနေမှုများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး ရွာမကျေးရွာအုပ်စုရှိ အ.မ.က(မူလွန်) ကျောင်းတွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့)ဆေးကုသပေးနေမှုကိုလှ ည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)