Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ်(၁)စစ်ဗျူဟာအဖွဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်းဆေးကုသပေး
Jun 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ်(၁)စစ်ဗျူဟာအဖွဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ပြုလုပ်
Jun 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ဇွန်လ (၃) ရက်နေ့ နံနက် (၈) နာရီအချိန်က ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာ၊ အ.လ.က(ခွဲ) ကျောင်းဆောင်သစ်မြေနေရာ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Jun 03,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၁၉၀)ကျော်အား အခမဲ့ကုသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဟောကြားတော်မူခဲ့သည့်တရားတော် ကောက်နုတ်ချက်များကို အများပြည်သူ ဖတ်ရှု့ကြည်ညို…
Jun 03,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိ ကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်ကြီး၏ ဟောကြားခဲ့သော တရားတော်များမှ ကောက်နုတ်ချက်များကို အများပြည်သူဖတ်ရှု့ကြည်ညိုနိုင်စေရန်လမ်းဖြတ်ပိုစတာများကို (၇၈)လမ်းမ တစ်လျောက် (သိပ္ပံလမ်းမှ သံလမ်းအထိ) ယမန်နေ့က စတင်၍ ချိတ်ဆွဲပြသထားပါသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် လယ်ယာလုပ်ငန်းခွင်များအတွင်း မိုးစပါးစိုက် တောင်သူများ စတင်စိုက်ပျိုးမှု (၈၈၄၃)ဧက ပြီးစီး
Jun 03,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသတွင်းဝမ်းစာ စပါးဖူလုံစေရေးနှင့် တောင်သူများ ဝင်ငွေတိုးရန် တွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးဧက (၆၅၂၄၂) ဧက စိုက်ပျိုးနိုင်ရန်လျာထားရှိရာ တောင်သူများ လယ်ယာလုပ်ငန်းခွင်များ စတင်ချိန်မှစ၍ ဇွန် လ (၂) ရက်နေ့ အတွင်း မိုးစပါး ဧက (၈၈၄၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Jun 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ် စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများဖြင့် ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအားချေးငွေများပေးအပ်
Jun 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ချေးငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပထမအကြိမ်အစည်းအဝေးကျင်းပ
Jun 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ပထမအကြိမ် အစည်းအဝေးကိုယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ပရဟိတ မြို့ရွှေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11091
Page
11092
Page
11093
Page
11094
Current page
11095
Page
11096
Page
11097
Page
11098
Page
11099
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department