မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လားရှိုးမြို့၌ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်      

 လားရှိုး     ဇွန်   ၃

မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရွှေလီဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။         

အဆိုပါ အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်တိုင်း စစ်ဌာနချုပ်မှအရာရှိများ ၊ သဘာဝဘေးအန္တရာယ် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့်စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းမှူးက တက်ရောက်လာကြသူများအား ကျေးဇူးတင်စကားပြောကြားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဒေသခံ တိုင်းရင်းသား စေတနာရှင် အလှူရှင်များ၊ လုပ်ငန်းရှင်များကလှူဒါန်းသည့် အလှူငွေကျပ် ၃၅၁၉ သိန်း ၆ သောင်းနှင့် ထောက်ပံ့ပစ္စည်းများဖြစ်သည့် အကာအကွယ်ဝတ်စုံ ၊ ခွဲစိတ်သုံးဝတ်စုံ၊ဆေးရုံ သုံးဦးထုပ်စသည့်ပစ္စည်း ၁၆ မျိုးတို့ကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်