ပခုက္ကူမြို့၌ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ပခုက္ကူ  ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၃)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်စုစုခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများ အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင်သင်ကြားပို့ချပေးမည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများခင်း ကျင်းပြသထားမှုများ၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းမှုသင်တန်းအပါအဝင် သင်တန်းအမျိုးအစားအလိုက် ရက်လုပ်ထားသော ရက်ကန်းထည်ပစ္စည်းများ၊ လက်တွေ့လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အဆိုပါသင်တန်းကို ၂၀၂၃ခုနှစ်၊ ဇွန်လ၃ရက်မှဇွန်လ၉ရက်အထိ “ဖျော်ရည်၊ ယိုနှင့်ဝိုင်အမျိုးမျိုးပြုလုပ်နည်း၊ ပဲချောင်း ကြော်၊အာလူးကြော်ပြုလုပ်နည်းအပါအဝင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းဘာသာရပ်(၁၃)မျိုးတို့ကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်းစီဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ(၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)