မတ္တရာ ဇွန် ၃
၂၀၂၃ ခုနှစ် ဇွန် ၅ ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀နာရီက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်နှင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်း တို့မှ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထိမ်းအမှတ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ပုဒ်များ၊ ပလတ်စတစ်ကို ထုတ်ယူရရှိမှု မျက်မှောက်ကာလတွင် ပလတ်စတစ်သုံးစွဲမှုနှင့် စွန့်ပစ်သည့်နည်းလမ်းများ၊ စွန့်ပစ်ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ပလတ် စတစ်က ပေးသည့်အန္တရာယ်များ၊ တစ်ခါသုံးပလတ်စတစ်များကို လျှော့ချနိုင်သည့် နည်းလမ်းများ၊ ပလတ်စတစ်သုံးစွဲမှုနှင့် ပတ်သက်သည့် အကြံပြုချက်များ စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာ ပေးဆွေးနွေးချက် အကြောင်းအရာများကို မတ္တရာမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက် စာမျက်နှာနှင့် Our Love Madaya Pageတို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)