ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဓနုဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ကြည့်ရှုစစ်ဆေး

ဓနုဖြူ    ဇွန်    ၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးအေးကြွယ်နှင့် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်တွင်ရောက်ရှိပြီး ရုံးသန့်ရှင်းသာယာလှပမှု၊ စာကြည့်တိုက်ပြင်ဆင်ထားရှိမှု၊ ကလေးစာဖတ်ခန်းပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ဓနုဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မေစိုးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြသပါသည်။

ထို့​နောက် လူထုအခြေပြုဗဟိုဌာန ခန်းမဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ရည်မှန်းချက်ပြည့်ဝအောင်ဆောင်ရွက်နိုင်ရေးနှင့် အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)