ကမ္ဘာ့ပတ် ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်အသိပညာပေး (Talk-Show)ပြုလုပ်

ကျိုက်မရော   ဇွန် ၃

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ၊ ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်ပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဦးစီးဌာ တို့ပူးပေါင်း၍  ဇွန်လ၅ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကိုဂုဏ် ပြုကြိုဆိုသောအားဖြင့် “ပလတ်စတစ် ညစ်ညမ်းမှုကိုတိုက် ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက် စို့”ခေါင်းစဥ်ဖြင့် အသိပညာပေး ဆွေးနွေး ပွဲ(Talk-Show)ကို ဇွန်လ ၃ရက်နေ့ နံနက် က လူထုအခြေပြု ဗဟိုဌာန၊(Community Centre) ခန်းမ ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ  ဒေါ်ချိုမြတ်မြတ်ထွေးက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို ပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များ ကိုရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဆွေးနွေး ပွဲကိုကျင်းပပြုလုပ်ရာ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဦးစီးဌာန မှ ဒုတိယ ဦးစီးမှူးဒေါ်ရွှေဝတ်မုံနှင့် ဒုတိယလက်ထောက် ဦးစီးမှုး ဒေါ်မြဇာခြည်တို့က ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အမှိုက်များ၊ပလတ်စတစ် ပစ္စည်းများနှင့်စွန့်ပစ် ပစ္စည်းများ၏ အန္တရာယ်နှင့် ဆိုးကျိုးများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု့ကို ဖြစ်ပေါ် စေသည့် အချက်များကို အပြန်အလှန်မေးခွန်းများ မေးမြန်း၍ ဆွေးနွေး ခဲ့ကြသည်။ မော်လမြိုင်

ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ဇွန်လ၅ရက် နေ့တွင်ကျရောက်မည့် ကမ္ဘာပတ်ဝန်း ကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ ပြည်သူများပလတ်စတစ်သုံးစွဲမှု လျော့ချရေးတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကို အသိပညာဗဟုသုတ တိုးပွားစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော  (ပြန်/ဆက်)