Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းခတ်မြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jun 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင်တိုက်ကျွေးထိုးနှံပေး ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနား ကျင်းပ
Jun 03,2023
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဒုတိယကမ္ဘာစစ်အပြီး ပြန်လည် တည်ထားကိုးကွယ်ခြင်း(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနားကိုယမန်နေ့ နံနက် ၇ နာရီတွင်စတင်ကျင်းပရာ ဗုဒ္ဓပူဇာအဖြစ် စေတီတော်မြတ်ကြီးအားဆံတော်တိုက်ပတ်လည်တွင် သံဃာတော် (၆၅)ပါး၊ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် လှူဒါန်းပူဇော်သည့် မြတ်စွာဘုရားဆင်းတုတော်ရှေ့တွင် သံဃာတော် (၅)ပါး၊ ဓမ္မဧကြာတရားဟောကြားသည့် မြတ်စွာဘုရားဆင်းတုတော်ရှေ့တွင် သံဃာတော် (၅)ပါး၊ စုစုပေါင်း သံဃာ တော် (၇၅)ပါးဖြင့် အနေကဇာတင်လှူ ပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၃၃)စု တို့အား အိမ်ဆောက်ပစ္စည်းများစုပေါင်းလှူဒါန်း
Jun 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပိန္နဲပင်ကျေး ရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ပြည်သူလူထုစုပေါင်းထည့်ဝင်ငွေများဖြင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လည် ၃ နာရီအချိန်က ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီဝင်များရှေ့မှောက်တွင် အိမ်ထောင်စု (၁၃) အိမ်ထောင်စုအတွက် ပထမအကြိမ် အိမ်ဆောက်ပစ္စည်းများကို မဲဖောက်စနစ်ဖြင့် ဆောင်ရွက်ပေး အပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် အခွန်ထမ်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ယမန် နေ့ ညနေ ၃ နာရီက အခွန်ထမ်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန် ၊လဲ၊ စစ်၊ အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်
Jun 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က သိန္နီမြို့ ရက်ကွက်(၂)တွင် လိုက်လံဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေငှားဂရန်ပေးအပ်ခြင်း အခမ်းအနားဆောင်ရွက်
Jun 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာ၌ မြေငှားဂရန်များပေးအပ်ခြင်းအခမ်းအနားကို ယမန် နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၌ ထရန်စဖော်မာများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီး ပြီဖြစ်၍ လျှပ်စစ်ဓာတ် အားအပြည့်ဝဖြန့်ဖြူးနိုင်
Jun 03,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းလျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူး ပေးနိုင်ရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရန်အတွက်မြို့သစ်မြို့၌ ယခင်တပ်ဆင်ထားရှိသော66/11kV (10)MVA အား(20) MVAဖြင့်အင် အားတိုးမြှင့် လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ခဲ့ပြီဖြစ် ကြောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ပြုလုပ်
Jun 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ အမှတ်(၅)ရပ်ကွက်တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11096
Page
11097
Page
11098
Page
11099
Current page
11100
Page
11101
Page
11102
Page
11103
Page
11104
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department