နမ္မတူတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ်(၁)စစ်ဗျူဟာအဖွဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်းဆေးကုသပေး

နမ္မတူ ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ်(၁)စစ်ဗျူဟာအဖွဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ်(၁)စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးစိုးမင်းထွေး နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၀၀ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ သားဖွားမိယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)