အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား မြို့မိ/မြို့ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။
Jun 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အ.ထ.က(ခွဲ)သောင်ဘုတ် 90'×30' RCC PL 6'(၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇွန် ၂ ရက်နေ့ ညနေပိုင်း၌ ကျင်းပခဲ့သည်။
Jun 04,2023
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှဉီးဆောင်၍ ရွေ့လျားဆေးကုသယာဉ် MMU ဖြင့် ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသရှိ ပြည်သူများ၊ အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဉီးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောရွေ့လျားဆေးကုသယာဉ် MMU (၁)စီးဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်စုရပ်နေရာများတွင် ကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Jun 04,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ အပတ်စဉ်(စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Jun 04,2023
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဒုတိယအကြိမ်ဝန်ထမ်းမိသားစုများမှ လစဉ်စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
Jun 04,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း မြို့နယ်အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များတွင် ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းမရှိစေရေး ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
Jun 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 04,2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားကို  ဇွန် ၆ ရက် ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ  ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်မီးပူဇော်ပြီး ဇွန် ၇ ရက် နံနက်ပိုင်းတွင် အရိုးဓာတ်ပြာတော်များအား ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည့် အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပသွားမည်။