မန္တလေး ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိ ကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်ကြီး၏ ဟောကြားခဲ့သော တရားတော်များမှ ကောက်နုတ်ချက်များကို အများပြည်သူဖတ်ရှု့ကြည်ညိုနိုင်စေရန်လမ်းဖြတ်ပိုစတာများကို (၇၈)လမ်းမ တစ်လျောက် (သိပ္ပံလမ်းမှ သံလမ်းအထိ) ယမန်နေ့က စတင်၍ ချိတ်ဆွဲပြသထားပါသည်။
အဆိုပါ လမ်းဖြတ်ပိုစတာတွင် "သာသနာပြုတယ်ဆိုတာ ကလေးတွေကစပြီး သာသနာတည်အောင်လုပ်ရတယ်။ လူကြီးတွေကဘာသာ၊ သာသနာရဲ့သဘောသိပြီးသားဆိုတော့ သာသနာကိုပစ္စည်းလေးပါးနဲ့ ထောက်ပံ့လှူဒါန်းနေကြတယ်။ သာသနာအခြေခံက ကလေးတွေ ပဲ"ဟုအစရှိသည့် ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်ကောက်နုတ်ချက်များကို လမ်းဖြတ်ပိုစတာများပြုလုပ်ချိတ်ဆွဲပြသထားရှိသည်။
ဆရာတော်ကြီးဘုရားကြီးသည် သာသနာတော်အကျိုးကိုသယ်ပိုး ဆောင်ရွက်တော်မူရင်းသက်တော်(၉၄)နှစ်၊သိက္ခာတော်(၇၄)ဝါအရ ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း(၇)ရက်(၂၅-၅-၂၀၂၃) ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော် ဘုရားကြီး၏ ဥရုဇရုပ်ကလာပ်တော်အား မေလ(၂၆)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့ နေ့လယ်ပိုင်း အထိ ဗန်းမော်ကျောင်းတိုက် ယာယီစံကျောင်းတော်၌ လာရောက်ဖူးမြှော်နိုင်ပြီး ဇွန်းလ(၆)ရက် နေ့ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ် ဟောင်းသို့ ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)